MNP - ဇန်နဝါရီ ၁၅
ရခိုင်ပြည်နယ် စစ်တွေမြို့ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းတိုက်တွင် ဇန်နဝါရီ ၁၅ ရက် နေ့လယ်ပိုင်းက မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး အန္တရာယ်၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်းနှင့် ယာဥ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပရာ၊ စစ်တွေခရိုင် အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်၊ အမှတ် ၃၇ မူးယစ်တပ်ဖွဲ့စု(စစ်တွေ) တပ်ဖွဲ့စုရဲမှူး ခင်မောင်လွင်၊ ယာဥ်ထိန်း ဒုတပ်ဖွဲ့ခွဲ (၅)မှ ဒုခွဲမှူး ရဲမှူး သက်နိုင်ဦး၊ တာဝန်ရှိသူများ၊ကျောင်းသား ကျောင်းသူများ နှင့် ပြည်သူများ (၁၂၀)ဦးခန့်တက်ရောက်သည်။
ရှေးဦးစွာ တာဝန်ရှိသူများက အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကန်တော့ပြီးလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် စစ်တွေခရိုင် အုပ်ချုပ်ရေးမှူးက အမှာစကား ပြောကြားပြီး၊ အမှတ်(၄၇) မူးယစ်တပ်ဖွဲ့စု (စစ်တွေ) တပ်ဖွဲ့စုမှူးကမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး အန္တရာယ်နှင့်ပတ်သက်ပြီး၊ မူးယစ်ဆေး အမျိုးမျိုးနှင့် မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်တတ်သော ရောဂါလက္ခဏာများ၊ မူးယစ်ဆေးဝါဆိုင်ရာ ဥပဒေများအကြောင်း၊ ပြစ်မှူပြစ်ဒဏ်များကို အသိပညာပေးဟောပြောသည်။
ဆက်လက်ပြီး ယာဥ်ထိန်းဒုတပ်ဖွဲ့ခွဲ(၅) ဒုခွဲမှူးက ယာဥ်စည်းကမ်း လမ်းစည်းကမ်းများနှင့်ပတ်သက်၍ ယာဥ်မောင်းသူများ လိုက်နာရမည့်စည်းကမ်း၊ အန္တရာယ်ဖြစ်လျှင် လိုက်နာရမည့်စည်းကမ်း၊ ယာဥ်-လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဥ်စီမံခန့်ခွဲမှု ဥပဒေများကိုအသိပညာပေး ဆွေးနွေးသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ သုတေသနပြုချက်အရ ကမ္ဘာပေါ်တွင်ယာဥ်-လမ်းအန္တရာယ်ကြောင့် (၁)နှစ်လျှင် လူဦးရေ (၁၅)သိန်း သေဆုံးပြီး၊သန်း (၅၀)ခန့် ဒဏ်ရာရရှိကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဥ် လူဦးရေ (၅၀၀၀)ခန့် သေဆုံးမှု ဖြစ်ပွားကာ၊ (၅၀၀၀၀) နီးပါးဒဏ်ရာ ရရှိကြောင်း သိရသည်။
ဦးမြင့်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment