သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် မြစိမ်ရောင်ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေး ၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် မြစိမ်ရောင်ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေး ၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး


MNP  -  ဇန်နဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊  သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် မြစိမ်ရောင်ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေး ၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။


သာစည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ စီးပွားဖြင့် လုပ်ကိုင်နိုင်စေရန် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ် ၃၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာမှ ကြက်မောက်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ် ၃၀၀ ဖြင့် စိုက်ပျိုးရေး ၊ မွေးမြူရေးလုပ်ငန်းများ  လုပ်ကိုင်သူ ၁၆၁ ဦးအား မြို့နယ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာမြစိမ်းရောင် စီမံကိန်းကော်မတီက ထုတ်ချေးပေးခဲ့ပြီး စိုက်ပျိုးရေး၊မွေးမြူးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။


အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအား ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


သိန်းမြင့်ကျော် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)