MNP - ဇန်နဝါရီ ၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ၊ တပ် ရင်းတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ Point ကမ်းခြေနေရာတလျောက်နှင့် ရမ္မာဝတီခန်းမတို့တွင် အဖွဲ့များခွဲ၍ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် အဆိုပါပူးပေါင်း အဖွဲ့တို့သည် Point ကမ်းခြေနေရာမှစတင်ပြီး WELCOME TO KYAUKPHYU နေရာပတ်ဝန်းကျင် အထိလည်းကောင်း၊ ရမ္မာဝတီခန်းမဝန်း အတွင်း/အပြင်နေရာတို့တွင်လည်းကောင်း အဖွဲ့များခွဲကာ မိမိတို့သတ်မှတ်နေရာများရှိ အမှိုက်များနှင့် ခန်းမဝန်းအတွင်းရှိ ခြုံနွယ်ပေါင်းပင်များ၊ အမှိုက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ ရရှိလာသည့်အမှိုက်များကို အမှိုက်အိတ်များ ထဲသို့ စနစ်တကျထည့်ကာ သတ်မှတ်နေရာများသို့ ပို့ဆောင်ပေးခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်များဖြင့် စွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ကျောက်ဖြူမြို့၌ ယင်းသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment