မကွေးတိုင်းဒေသကြီးတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများနှင့်အားကစားပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများနှင့်အားကစားပြိုင်ပွဲများကျင်းပ





MNP  -  ဇန်နဝါရီ ၅

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများနှင့်အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်(၈)နာရီအချိန်မှ စတင်၍ တိုင်းဒေသကြီး မိုးလုံလေလုံအားကစားကွင်းနှင့် မကွေးခရိုင် အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက်အားပေးခဲ့ကြပြီး တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်(မကွေး)မှ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများမှ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ အားကစားပြိုင်ပွဲများ၏ ဗိုလ်လုပွဲစဉ်များအဖြစ် ဖူဆယ်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများ ကျင်းပခဲ့ပြီး ဆုရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုကလပ်များနှင့် ငွေသားဆုများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများနှင့်အားကစား ပြိုင်ပွဲများတွင် အမျိုးသားဖူဆယ်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ တုတ်ဆီးထိုးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ အစရှိသည့် ပြိုင်ပွဲများအပြင်  ကွင်းအတွင်း ပျော်ပွဲရွှင်ပွဲအားကစားများကိုလည်း ထည့်သွင်းကျင်းပခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/ သူများနှင့် ဒေသခံပြည်သူများမှ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။


ကိုစည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)