တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်း၊ အီလက်ထရွန်နစ်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်း၊ အီလက်ထရွန်နစ်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ


MNP -  ဇန်နဝါရီ ၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့ကစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်၌ သွင်းကုန် ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် Digital TV Set Top Box အလုံး ၈၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၀၀၀၀၀၀)၊ လုပ်ငန်းသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၈၀၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Scania Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂၇၈၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


အလားတူ ဇန်နဝါရီ ၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကျောက်ရပ်ကျေးရွာ မြိတ်-ထားဝယ်ကားလမ်းပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၂၁၆၀၀၀)၊ Honda Scoopyi 110 အမျိုးအစား ဆိုင်ကယ်(အဟောင်း) သုံးစီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Zhong Tong Bus အမျိုးအစားမော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၄၁၆၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦး‌ဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များကစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်း တရားမဝင်ကျွန်းသစ်နှင့်သစ်မာ ၅၂ ဒသမ ၇၆၀၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၆၅၅၉၆၈)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိသည်။


ယင်းအပြင် ဇန်နဝါရီ ၉ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ‌ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဟင်းချက်ဒယ်နီအိုးအလုံး ၇၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။


သို့ဖြစ်ပါ၍ ဇန်နဝါရီ ၇ ရက်၊ ၈ ရက် နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၂ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၇၃၀၁၉၆၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)