တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇)နှင့် ပထမနှစ်မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၃) တို့အား ထုတ်ပြန်ခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇)နှင့် ပထမနှစ်မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၃) တို့အား ထုတ်ပြန်ခြင်း


ပြည်ထောင်စုတရားလွှတ်တော်ချုပ်က “တရားမျှတမှုရရှိ စေရေး အားလုံးပါဝင်ဆောင်ရွက်ပေး (Providing Justice By All)” ဟူသော ဆောင်ပုဒ်ဖြင့် ရေးဆွဲထားသည့် မြန်မာ့တရားစီရင်ရေး၏ ငါးနှစ်တာတရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇)နှင့် ပထမနှစ်မဟာဗျူဟာလုပ်ငန်း အစီအစဉ် (၂၀၂၃) (Year One Action Plan – 2023) အား မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ယနေ့ထုတ်ပြန်လိုက်သည်။


တရားစီရင်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အဖြစ် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းများကို ၂၀၁၅ ခုနှစ်မှစတင်၍ သုံးနှစ်တာမဟာဗျူဟာစီမံကိန်း ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးနောက် ဒုတိယမြောက် မဟာဗျူဟာလုပ်ငန်းအစီအစဉ်ကို ငါးနှစ်တာကာလအတွက် ၂၀၁၈ ခုနှစ်မှစတင်၍ ၂၀၂၂ ခုနှစ်အထိ ချမှတ်အကောင်အထည် ဖော်ခဲ့သည်။ မြန်မာ့တရားစီရင်ရေး၏ ယခုရေးဆွဲထုတ်ပြန် လိုက်သည့် တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) သည် တတိယမြောက်စီမံကိန်းဖြစ်ပြီး အပြည်ပြည် ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးမှုမပါဝင်ဘဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီမံကိန်းရေးဆွဲရေးအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များမှ တာဝန်ရှိသူများအကြား အပြန်ပြန်အလှန်လှန် ဆွေးနွေးညှိနှိုင်းပြီး နောက် ယခုကဲ့သို့ အောင်မြင်စွာ ထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ငါးနှစ်တာတရားစီရင်ရေးမဟာဗျူဟာစီမံကိန်းတွင် ယခင်ငါးနှစ်တာစီမံကိန်းအပေါ် အကဲဖြတ်သုံးသပ်ခြင်းနှင့် အဆိုပါစီမံကိန်း၏ ကနဦးနှစ်ဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် ပထမနှစ်မဟာဗျူဟာလုပ်ငန်း အစီအစဉ်ကိုလည်း ထည့်သွင်း ဖော်ပြထားပါသည်။       


တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ကို ပြည်ထောင်စုတရားလွှတ်‌တော်ချုပ်၏ အင်တာနက် စာမျက်နှာ www.unionsupremecourt.gov.mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)