ကျောက်တံတားမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းကွင်းဆင်းကောက်ယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံတားမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းကွင်းဆင်းကောက်ယူ



MNP  -   ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်းရှိ ရပ်ကွက် များတွင် အိမ်ထောင်စုလူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရန် သတ်မှတ်စာရင်းပုံစံများဖြင့် တစ်အိမ်တက်ဆင်း စာရင်းများဆက်လက်ကောက်ယူနေမှုကို မြို့နယ်မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှု ကော်မတီအဖွဲ့များက ယနေ့နံနက် ၉ နာရီတွင် မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူနေမှုကို လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ လိုက်လံကြည့်ရှုအားပေးရာတွင် စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် စာရင်းများမှန်ကန်မှုရှိစေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့ပြီး စာရင်းကောက်ယူမှုအားဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


လှလှထွေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)