MNP - ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးသတိရှိရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နယ်မြေမီးသတ်စခန်းမှ ယနေ့နံနက်(၉)နာရီခွဲ အချိန်ခန့်က နမ့်ပိန်ရပ်ကွက်နှင့် အောက်ရပ်ကွက်တို့တွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းလုံမြို့တွင်းရှိ ဓါတ်ဆီဆိုင်များ၊ မီးနေ့စဉ်အသုံးပြုရသော စားသောက်ဆိုင်များရှိ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများနှင့် မီးဘေးစိုးရိမ်ရသော ဆက်စပ်ပစ္စည်းများအား စစ်ဆေးခြင်းနှင့် မြို့နေပြည်သူများအနေဖြင့် မီးအသုံးပြုရာတွင် စနစ်တကျအသုံးပြုရန်၊ နေအိမ်များတွင် မီးဘေးကြိုတင် ကာကွယ်နိုင်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်များ၊ မီးဘေးအန္တရာယ် ကြုံတွေ့ရပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ဆောင်ရွက်ကြရန် စသည့်အချက်အလက်တို့ကို အသိပေးရှင်းလင်းဆွေးနွေးရာ ကွင်းဆင်းစစ်းဆေးရာတွင် လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်ထက်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment