မြေပြင်ကွင်းဆင်း စာရင်းကောက်ယူသည့် စာရင်းများအရ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ယနေ့အချိန်ထိ အိမ်ထောင်စု ၂၂၂၅၇ စုကိုအတည်ပြုနိုင်ခဲ့ပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပြင်ကွင်းဆင်း စာရင်းကောက်ယူသည့် စာရင်းများအရ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ယနေ့အချိန်ထိ အိမ်ထောင်စု ၂၂၂၅၇ စုကိုအတည်ပြုနိုင်ခဲ့ပြီးဖြစ်




MNP  -  ဇန်နဝါရီ  ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌လူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်း၍တိုက်ဆိုင် စစ်ဆေးရန်အတွက် ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ယခုလ ၉ ရက်နေ့မှ စ၍ မြို့ နယ်အတွင်းရှိ ရပ်ကွက်များ အတွင်းဆောင်ရွက်ခဲ့ရာယခုလ ၁၄ ရက်နေ့အထိ ကောက်ယူခဲ့သော စာရင်းများအရ အိမ်ထောင်စု ၂၂၂၅၇ စုကိုအတည်ပြုထားနိုင်ပြီဖြစ်ကြောင်း သိရသည်။


မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၂၀)ရှိပြီး မြေပြင်စာရင်းကောက်ယူမည့် ကောက်ကွက် (၉၂) ရှိရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်စာရေး၊ ရာအိမ်မှူး၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့်စေတနာ့ဝန်ထမ်းများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့ များဖြင့် ရပ်ကွက်များ အလိုက် သတ်မှတ်ပုံစံများဖြင့် မြေပြင်ရှိလူဦးရေစာရင်းများကို အဖွဲ့ (၉၂) ခုဖြင့်လိုက်လံ ကောက်ယူလျက်ရှိကြောင်းသိရသည်။


မြေပြင်လူဦးရေစာရင်းကောက်ယူမည့်  အိမ်ထောင်စုမှာ ၄၁၉၃၅  ရှိပြီးယခုလ ၁၄ ရက်နေ့အထိ ကောက်ခံရရှိသောစာရင်းများအရ အိမ်ထောင်စု ၂၂၂၅၇ ကိုအ တည်ပြုနိုင်ကြောင်းနှင့် ကျန်ရှိနေသည့်အိမ်ထောင်စု ၁၉၆၇၈ စုကိုဆက်လက်ကောက်ခံလျက်ရှိကြောင်းသိရှိရသည်။


အဆိုပါ မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရာနေရာများသို့ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်များအလိုက်  ကြီးကြပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)