ပင်လောင်းမြို့နယ်၌ အသက် (၅)နှစ်မှ အသက် (၁၂)နှစ်ထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Boostar ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ်၌ အသက် (၅)နှစ်မှ အသက် (၁၂)နှစ်ထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Boostar ထိုးနှံပေး


MNP   -   ဇန်နဝါရီ  ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသက် (၅)နှစ်မှ အသက် (၁၂)နှစ်ထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Boostar ကို ယမန်နေ့ နံနက်ပိုင်းတွင် အထက(၁) ကျောင်းခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ကာကွယ်ဆေးများကို အထက (၁) ပင်လောင်းကျောင်း၊  အမှတ်(၄) စစ်အခြေခံလေ့ကျင့်ရေးတပ်  အမကကျောင်း၊ အမှတ်(၃၃၁) ဒုံးတပ် အမကကျောင်း၊ အမက ကိုးခေါင်​ကျောင်းနှင့် အမကပင်တလဲကျောင်းများမှ အသက် (၅)နှစ်မှ အသက် (၁၂)နှစ်ထိ ကျောင်းသား/ ကျောင်းသူ (၅၃၁)ဦးအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Boostar ထိုးနှံပေးခဲ့ပြီး၊ ​မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းများတွင် တက်ရောက် ပညာသင်ယူ​နေ​သော အသက်(၅)နှစ်မှ အသက် (၁၂)နှစ်ထိ  ကျောင်းသား/ ကျောင်းသူများကိုလည်း သတ်မှတ်ထားသည့် ဆေးထိုးရမည့်နေ့ရက်များနှင့် စုရပ်များတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Boostar အား ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနထံမှ  သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)