MNP - ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အသက်(၅)နှစ်မှ(၁၂)နှစ်ကြား ကျောင်းသား/သူ များအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Booster Dose)ထိုးနှံခြင်းကို ယနေ့ နံနက် ၀၉:၃၀နာရီမှစတင်၍ အ.မ.က (စံပြ)ကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးနှံရန်ရောက်ရှိလာသော ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းပေးခြင်းနှင့် ပညာသင်ကြားနေသော အတန်းအလိုက် စနစ်တကျ စာရင်းရေးသွင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။ ထို့နောက် မိနစ် ၃၀ခန့် အနားယူစေပြီး ကျောင်းသား/သူများကလေးများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက် ပေးလျက်ရှိရာ ယနေ့တွင် ကျောင်းသား/သူ (၈၁)ဦး ကာကွယ်ဆေးထိုးနှံခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment