ဂွမြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်ကြား ကျောင်းသား/သူများအား ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းအား တာဝန်ရှိသူများက ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်ကြား ကျောင်းသား/သူများအား ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းအား တာဝန်ရှိသူများက ကြည့်ရှုအားပေး


MNP  -   ဇန်နဝါရီ ၁၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်ကြား ကျောင်းသား/သူများအား ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ စုရပ်ကျောင်းများ၌ ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးနှံရန်ရောက်ရှိလာသော ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်းနှင့် အတန်းအလိုက်စနစ်တကျစာရင်းရေးသွင်းပြီး ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြသည်။ ထို့နောက် မိနစ် ၃၀ ခန့် အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိသည်။


စုရပ်(၃)ခုရှိ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ(၁၂)နှစ်ကြား ကျောင်းသား/သူ (၄၄၆)ဦးတို့အား ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခဲ့ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန့်ဇင်အောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)