ဘူးသီးတောင်မြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်ကြား ကျောင်းသား/သူများအား ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်ကြား ကျောင်းသား/သူများအား ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံ


MNP  -   ဇန်နဝါရီ ၁၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်ကြား ကျောင်းသား/သူများအား ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးနှံရန်ရောက်ရှိလာသော ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်းနှင့် အတန်းအလိုက်စနစ်တကျစာရင်းရေးသွင်း၍ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။


ထို့နောက် မိနစ် ၃၀ ခန့် အနားယူစေပြီး ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိရာ ဇန်နဝါရီလ ၁၇ ရက်နေ့ထိ အသက်(၅)နှစ်မှ(၁၂)နှစ်ကြား ကျောင်းသား/သူ (၁၃၈၀) ဦးတို့အားထပ်ဆောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။


လှကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)