နွားထိုးကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအကြိမ် (Booster Dose) ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွားထိုးကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအကြိမ် (Booster Dose) ထိုးနှံ


MNP  -   ဇန်နဝါရီ ၂၃ 

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ် ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက ညောင်ဇင်(မူလွန်)၊ ပဲချက်(အထကခွဲ)၊ မြတောင်(မူလွန်)၊ မကျည်းကန်(အထကခွဲ)၊ ထနောင်းပင် လဲ(အမက)၊ တဇောက်(အမက)၊ ကုက္ကိုလ်ဇီး(မူလွန်)၊ မြိုင်သာ(အမက)၊ ရွာသစ်(အမက)၊ ပဒေါင်း (အထကခွဲ)၊ ဆေးခင်းကြီး(အမက)၊ ရိုးမ(အမက)၊ လုံးတောသမန်းတော(အထကခွဲ)ကျောင်းတို့၌ ဆေးထိုး  စုရပ်များခွဲ၍ တတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့သည်။


ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဌတွင်ပါဝင်သည့် လုပ်ငန်းဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီး ဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် ယနေ့တွင်  အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၁၉၁)ဦး၊စုစုပေါင်း(၇၅၄၃)ဦးကို သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအုပ်ဆရာကြီးများ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန် ထမ်းများက ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသာ ကျောင်းသား၊ ကျောင်းသူများကို ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။


သန်းအောင်ဇော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)