နွားထိုးကြီးမြို့တွင် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအကြိမ် (Booster Dose) ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွားထိုးကြီးမြို့တွင် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအကြိမ် (Booster Dose) ထိုးနှံ


MNP  -   ဇန်နဝါရီ  ၂၀ 

မြင်းခြံခရိုင်၊နွားထိုးကြီးမြို့တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်ထိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက ခက်လန်း (အလက)၊သနပ်ခါးတော(အမက)၊မင်းရွာ(အထက)၊ ကူကုန်း(အမက)၊ လျှော်ဖြူမ(အမက)၊ ကဒေါင်း (အထကခွဲ)၊ ရွှေပြည်သာ(အမက)၊ သာပေါင်း(အမက)၊ ဒေါင်းဦး(အမက)ကျောင်းတို့၌ ဆေးထိုးစုရပ် များခွဲ၍ တတိယအကြိမ် ဆက်လက်ထိုးနှံ ပေးခဲ့သည်။


ကိုဗစ် -၁၉ ရောဂါထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင်  ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့်လုပ်ငန်းဖြစ်သောကြောင့် ကျောင်းသား၊ကျောင်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် ယနေ့တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ (၄၈၂)ဦး၊ စုစုပေါင်း(၆၃၅၂)ဦးကို သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအုပ်ဆရာကြီးများ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကျန်းမာရေး ဝန်ထမ်းများကထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသာ ကျောင်းသား၊ကျောင်းသူများကို ဆက်လက်ထိုးနှံပေးမည်ဖြစ် ကြောင်းသိရသည်။


သန်းအောင်ဇော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)