ဂွမြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်ကြားကျောင်းသား/သူများအားထပ်ဆောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster Dose)ထိုးနှံပေးခြင်းအား တာဝန်ရှိသူများက ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်ကြားကျောင်းသား/သူများအားထပ်ဆောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster Dose)ထိုးနှံပေးခြင်းအား တာဝန်ရှိသူများက ကြည့်ရှုအားပေး




MNP  -   ဇန်နဝါရီ ၁၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်အသက်(၅)နှစ်မှ(၁၂)နှစ်ကြားကျောင်း သား/သူများအားထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ် ဆေး(Booster Dose)ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ စုရပ်ကျောင်းများ၌ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးနှံရန်ရောက်ရှိလာသော ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများကကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန် တိုင်းပေးခြင်းနှင့် အတန်းအလိုက် စနစ်တကျစာရင်းရေးသွင်းပြီး ကာကွယ် ဆေးများကို ထိုးနှံပေးခဲ့ကြသည်။ ထို့နောက် မိနစ် ၃၀ခန့် အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိသည်။


ယနေ့တွင် စုရပ်(၃)ခုရှိ အခြေခံပညာကျောင်းများရှိအသက်(၅)နှစ်မှ(၁၂)နှစ်ကြား ကျောင်းသား/သူ(၄၄၆)ဦးတို့အားထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး(Booster Dose)ထိုးနှံပေးခဲ့ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန့်ဇင်အောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးတို့က ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)