စဉ့်ကိုင်မြို့နယ်၌ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထပ်ဆောင်ကာကွယ်ဆေး (Booster Dose ) ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်၌ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထပ်ဆောင်ကာကွယ်ဆေး (Booster Dose ) ဆက်လက်ထိုးနှံ



MNP  -   ဇန်နဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး   ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင်      အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ၌ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီး(၅)လပြည့်ပြီးသူ  အသက်(၅)နှစ်မှ(၁၂)ထိကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose ) များထိုးနှံပေးလျှက်ရှိရာ ယနေ့နံနက်ပိုင်းက  ဧည့်ပြ၊  ကျွန်းဦး၊ ကျွန်းငူ၊ မက္ခရာ၊ ညောင်ပင်သာ၊ ကုန်းသာ၊ နေပူ၊ ကြက်လျှာ၊ ဉယျာဉ်ကြီး၊ အိုးထိန်းတောင်၊  ခံဘူး၊  ရွာဟောင်းကုန်း ၊ထန်းသုံးပင်၊ ဆီဆုံ၊ ဆည်ရွာ၊ ခံလူး၊  ရှမ်းကန်၊ နဘဲပင်၊ ရန်ကင်း( ဘုန်းတော်ကြီးသင် ) ကတိုး ၊  စဉ့်ကိုင်(အ-ထ-က) မြတ်စေတနာ (ကိုယ်ပိုင်အထက် တန်းကျောင်း) ၊ ပင်းချား ၊လင်းရောင်သစ်(ကိုယ်ပိုင်အထကတန်းကျောင်း)များတွင် ကာကွယ်ဆေးများထိုးနှံပေးလျှက်ရှိရာ  စုစုပေါင်း(၁၄၅၄)ဦးထိုးနှံပေးခဲ့ကြောင်းသိရသည်။


အဆိုပါ  ကာကွယ်ဆေးများထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  နှင့်  အဖွဲ့၀င်များကကြီးကြပ်၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးလျှက်ရှိပြီး   မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးလွင်၊  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါ်ယဉ်နွယ်မြင့်     (ဦးစီးအရာရှိ)   (အခြေခံကျန်းမာ/ကျန်းမာပညာ)၊  ဦးစောအေး(ကျန်းမာရေးမှူး) ၊ဒေါက်တာလမင်းကိုနှင့်  ကျန်းမာရေး၀န်ထမ်းများက စနစ်တကျကာကွယ်ဆေးများထိုးနှံပေး လျှက်ရှိကြောင်းသိရသည်။


ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ၀န်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ ဆရာမများ၊  မြို့နယ်အမျိုးသမီးရေးရာ၊      မိခင်နှင့်ကလေး စောင့် ရှောက်ရေး အသင်း၀င်များ၊ရပ်ကွက်  /   ကျေးရွာများမှ    ပရဟိတအဖွဲ့၀င်များပူးပေါင်း၍   ကျောင်းသားကျောင်းသူများအား   ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပထမအကြိမ်ပြည့်ထိုးနှံပြီး (၅)လပြည့်ပြီးသူ  အသက်(၅)နှစ် မှ (၁၂)ထိကျောင်းသား၊ ကျောင်းသူများအား  ဦးတည်အုပ်စု အလိုက်ကျောင်းများသတ်မှတ်၍ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းမြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ   ဒေါ်ယဉ်နွယ်မြင့်  (ဦးစီးအရာရှိ)(အခြေခံကျန်းမာ/ကျန်းမာပညာ)ထံကသိရသည်။


 ၀င်း၀င်းသန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)