တနင်္သာရီမြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသူ/သားများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသူ/သားများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံပေး


MNP  -  ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသူ/သားများအား ကိုဗစ်-၁၉ရောဂါထပ် ဆောင်းကာကွယ်ဆေး (Booster Dose) ကို အစဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က အ-မ-က တမုတ်ချုံးကျောင်းနှင့် အ-မ-က အောက်ကင်းအရှေ့ကျောင်း ဆေးထိုးစုရပ်အတွင်း ကျေးလက်ကျန်းမာရေးဌာနခွဲဆရာမများက ထိုးနှံပေးကြကြောင်းသိရသည်။


ယနေ့တွင် အ-မ-က တမုတ်ချုံးကျောင်း၌ ကျား(၄၄)ဦး၊ မ(၄၆)ဦး၊ စုစုပေါင်း(၉၀)ဦးနှင့် အ-မ-က အောက်ကင်းအရှေ့ကျောင်းတွင် ကျား(၂၃)ဦး၊ မ(၂၆)ဦး၊ စုစုပေါင်း(၄၉)ဦး ဆေးထိုးစုရပ်(၂)ကျောင်း စုစုပေါင်း(၁၃၉)ဦးတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster Dose) ကို ထိုးနှံပေးနိုင်ကြောင်း၊ ဤမြို့နယ်တွင် Booster Dose ထိုးနှံရန် ကျောင်းသူ/သား စုစုပေါင်း(၂၅၉၅)ဦးရှိရာ ဆေးထိုးရန်မကျန်ရှိစေရေးအတွက် လမ်းညွှန်ချက်များနှင့်အညီ အရှိန်အဟုန်မပျက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ထိန်ဝင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)