တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် Booster Sinoparm ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် Booster Sinoparm ထိုးနှံပေး


MNP  -   ဇန်နဝါရီ ၂၅

ချင်းပြည်နယ်တီးတိန်မြို့၌ အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြား ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ် Booster     Sinoparm ထိုးနှံ‌ခြင်းကို အ.ထ.က(၁) စံကိုက်ညီကျောင်းဆောင်၌ ဇန်နဝါရီ ၂၄ ရက်နေ့က ပြုလုပ်‌ကြောင်း သိရသည်။


ထိုသို့ကာကွယ်ဆေးထိုးနှံမှု အခြေအနေအား တီးတိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းတို့နှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် Sinopharm ထိုးနှံကြမည့် ကျောင်းသား/ကျောင်းသူများအား မုန့်များတိုက်ကျွေးသည်။


တီးတိန်အထက(၁)ကျောင်းမ ှကျောင်းနေအသက် ၁၂ နှစ်မှ ၁၈ နှစ်ကြား ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၈၅)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေးကြောင်း ကျန်းမာရေးဌာနမှ သိရသည်။


ဒေါ်ဒိုင်းခန့်ဒိမ့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)