မိတ္ထီလာမြို့နယ်၌ ကျောင်းအခြေပြု အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster) ပထမအကြိမ် ထပ်ဆောင်းထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်၌ ကျောင်းအခြေပြု အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster) ပထမအကြိမ် ထပ်ဆောင်းထိုးနှံ



MNP  -  ဇန်နဝါရီလ  ၁၀

မိတ္ထီလာမြို့နယ်တွင်  အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Booster) ထပ်ဆောင်းထိုးနှံခြင်းကို ယမန်နေ့က  သတ်မှတ်ဆေးထိုးစု ရပ်များဖြစ်သည့် အခြေခံကျောင်းများတွင်   ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ကျောင်းသားကျောင်းသူများ ပညာရေးကို ကောင်းမွန်စွာ သင်ယူနိုင်စေရန် ၊ ရောဂါဖြစ်ပွားမှုနှုန်းနှင့် ကူးစက်မှုနှုန်းလျော့နည်းစေရန်တို့အတွက် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းအခြေပြု အသက် (၅) နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  (Booster) ပထမအကြိမ် ထပ်ဆောင်းထိုးနှံခြင်းကို အဖွဲ့(၅)ဖွဲ့ဖြင့် ဇူလိုင်လ (၉ရက်နေ့တွင် အ.ထ.က(၅)၊ အ.ထ.က(ခွဲ)အောင်ဇေယျာ၊ အလကလေ့ကျင့်ရေးနှင့် အလက ပြည်သာယာတို့တွင် ထိုးနှံပေးပြီး ဇူလိုင်လ (၁၀)ရက်နေ့တွင် အ.မ.က(၆) မင်းရပ်၊ အ.မ.က(၂၁၂)ပြည်သာယာ၊ အ.မ.က(မူလွန်) (၁၃၇)ပြည်သာယာ၊ အ.မ.က(မူလွန်)တပ်မြေ၊ အ.လ.က (၁)ရန်မျိုးအောင်တို့တွင် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံခြင်းကို  ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းကျော်၊ အထွေထွေရောဂါ ကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမင်းသီရိနှင့်  တာဝန်ရှိသူများက ကြည့်ရှု့အားပေး ခဲ့ကြောင်း သိရသည်။ 


သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)