ဘယ်လင်း-စွန်ရဲ-ရွှေလှံဗိုလ်-ရဲရွာလမ်းမှ ပျက်စီးနေသည့် ရေပြွန်အား Box Culvert တံတားနှင့် အစားထိုးဆောက်လုပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘယ်လင်း-စွန်ရဲ-ရွှေလှံဗိုလ်-ရဲရွာလမ်းမှ ပျက်စီးနေသည့် ရေပြွန်အား Box Culvert တံတားနှင့် အစားထိုးဆောက်လုပ်ပေး



MNP  -   ဇန်နဝါရီ   ၃

မန္တလေးတိုင်းဒေသကြီးအတွင်း ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ကုန်စည်စီးဆင်းမှုလျင်မြန်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လမ်း၊ တံတားများ ပြန်လည်ပြုခြင်းများဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်  ဘယ်လင်း-စွန်ရဲ- ရွှေလှံဗိုလ်-ရဲရွာလမ်းမှ  တောင်ကျရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သောရေပြွန်တစ်ခုအားပယ်ဖျက်ပြီး Box Culvert တံတား တစ်စင်းဖြင့် အစားထိုးဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ပျက်စီးနေသည့် ရေပြွန်သည် လမ်း၏(၅၅)ကီလိုမီတာနှင့်(၅၅.၅)ကီလိုမီတာအကြားတွင်တည်ရှိပြီး  မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် (၂၄.၅၀)သန်းဖြင့် ဇွဲမာန်ဟုန်ကုမ္မဏီမှတာဝန်ယူပြီး (၁.၅၂မီတာx၁၂.၂မီတာ) Box Culvert တံတားဖြင့် အစားထိုးဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။


ဘယ်လင်း-စွန်ရဲ-ရွှေလှံဗိုလ်-ရဲရွာလမ်းသည် ရန်ကုန်-မန္တလေးလမ်းနှင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့် လမ်းတစ်လမ်းဖြစ်ပြီး အဆိုပါ Box Culvert တံတားဆောက်လုပ်ပြီးစီးပါက ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများနှင့် ဒေသထွက်ကုန်များ အချိန်ရာသီအရွေး သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)