MNP - ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုလျင်မြန်စေရေးအတွက် မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ကုန်စည်စီးဆင်းမှုလျင်မြန်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး ဘဏ္ဍာနှစ်အလိုက် လမ်းများ၊ တံတားများအား ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-ဖျောက်ဆိပ်ပင်-ရဲရွာလမ်းတွင် တောင်ကျရေတိုက်စားမှုကြောင့် ခံနိုင်ဝန်အားမရှိတော့သည့် တံတား(၃)စင်အား (Box Culvert) တံတားအသသစ်များဖြင့် အစားထိုးပြီး ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ (Box Culvert) ဆောက်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၇၃.၅၀)သန်းဖြင့် မြို့နယ်လမ်းဦးစီးဌာနမှ လမ်း၏ (၃၀)ကီလိုမီတာနှင့်(၃၄)ကီလိုမီတာအတွင်းရှိ တောင်ကျရေတိုက်စားမှုကြောင့် ခံနိုင်ဝန်အားမရှိတော့သည့် တံတား(၃)စင်အား (၁.၅၂မီတာx ၁၂.၂မီတာ) ရှိ (Box Culvert) အသစ်များ သတ်မှတ်ကာလ၊ သတ်မှတ်အရည်အသွေး ပြည့်မီစွာဖြင့် အစားထိုးဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
(Box Culvert)များ တည်ဆောက်ပြီးပါက အဆိုပါလမ်းအား အသုံးပြုလျက်ရှိသော ပြည်သူများအနေဖြင့် ကုန်ပစ္စည်းများသယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာသယ်ယူနိုင်တော့မည်ဖြစ်ကြောင်းနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ကဏ္ဍများ ပိုမိုဖွံ့ဖြိးတိုးတက်လာမည် ဖြစ်ကြောင်းသိရှိရပြီး မြို့နယ်လမ်းဦးစီးဌာနအနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက် မြင့်မားလာစေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လမ်းများ၊တံတားများ၊ လူနေထိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန်နှင့်ကုန်ကျမှုစရိတ်များ သက်သာစေရေး၊ ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် ကုန်စည်စီးဆင်းမှုမြန်ဆန်းရေးအတွက် ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment