MNP - ဇန်နဝါရီ ၂
ကျိုက်ထိုမြို့နယ်တွင် (၇၅)နှစ် မြောက် စိန်ရတု လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စတေကာ Campaign ကပြုလုပ်ခြင်းကို ဇန်နဝါရီ (၂)ရက်နံနက်(၁၁) နာရီ အချိန်တွင် ကျိုက်ထိုမြို့နယ်အထွေ ထွေအုပ်ချုပ် ရေးဦးစီးဌာန ရုံး ရှေ့နှင့် အထက(၁)ကျောင်းရှေ့တို့တွင်ပြုလုပ်ခဲ့သည်။
အဆိုပါ စတေကာ Campaign သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းစိုး၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူး ပြည်ထွန်းနှင့် ဦးရဲနိုင်အောင်၊ အမှတ် (၆၀၂)ဒုံးတပ်ရင်းမှဗိုလ်မှူး မင်းထွဋ်နှင့် တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူး ဇော်ဇော် နှင့် တပ်ဖွဲ့ဝင်များ၊
ယာဉ်ထိန်းရဲတပ်ဖွဲ့ စု(၇၈)မှ ရဲအုပ် ထွန်းလွင်ဦး နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေး ဝန်ထမ်းများတို့အဖွဲ့မှ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များအား (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (၄ လက်မ-၇ လက်မပတ် လည်) စတေကာများအား ကပ်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment