MNP - ဇန်နဝါရီ ၂
ပေါင်မြို့နယ်တွင် (၇၅)နှစ် မြောက် စိန်ရတု လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စတေကာ Campaign ပြုလုပ်ခြင်းကိုယနေ့နံနက်ပိုင်းက ဇင်းကျိုက်မြို့အထွေ ထွေအုပ်ချုပ် ရေးဦးစီးဌာန ရုံး ရှေ့တွင်ပြုလုပ်ခဲ့သည်။
အဆိုပါ စတေကာ Campaign သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်နှင့်
အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကျော်နိုင်ဦး နှင့် တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူး သံမရောင် နှင့် တပ်ဖွဲ့ဝင်များ နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေး ဝန်ထမ်းများတို့အဖွဲ့မှ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များအား (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (၄ လက်မ-၇ လက်မပတ် လည်) စတေကာများအား ကပ်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment