MNP - ဇန်နဝါရီ ၁၉
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ စာဖတ်ဝိုင်းကို ယမန်နေ့က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ရှေးဦးစွာ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က စာအုပ်တစ်အုပ်၏အပေါ်တွင် တစ်ဦးနှင့်တစ်ဦး မတူညီသော အတွေးအမြင်သစ်များ၊ စာအုပ်မှရရှိသော အသိပညာဗဟုသုတလေးများကို တစ်ဦးနှင့်တစ်ဦး မျှဝေနိုင်ရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်နှင့်လည်း ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိကာ စာအုပ်စာပေကောင်းများ လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာရေးဆရာ ကိုကိုလင်း (အမေ့အိမ်)၏ “လူကြီးတွေက စပြင်ပါ လူငယ်ခံစားမှု အတွေးစာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ကျင်းပရာ တက်ရောက်လာသည့် စာအုပ်စာပေ ဝါသနာပါသူ (Club) အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများအား အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ရာ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ အသိပညာဗဟုသုတ ဘက်စုံဖွံ့ဖြိုးစေရေး စာဖတ်ဝိုင်းများကို လစဉ် စာအုပ်စာပေ ဝါသနာပါသူ (Club)အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများဖြင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်ထံက သိရသည်။
လူမော်
https://t.me/MyanmarNationalPost
No comments:
Post a Comment