အမ်းမြိုနယ် လူထုအခြေပြုဗဟိုဌာန (Community Cent re)ခန်းမ၌ (၇၅)နှစ် မြောက် စိန်ရတုလွတ် လပ်ရေးနေ့ အထိမ်း အမှတ် စာအုပ်စာ စောင်၊ နံရံကပ်ဓာတ်ပုံပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြိုနယ် လူထုအခြေပြုဗဟိုဌာန (Community Cent re)ခန်းမ၌ (၇၅)နှစ် မြောက် စိန်ရတုလွတ် လပ်ရေးနေ့ အထိမ်း အမှတ် စာအုပ်စာ စောင်၊ နံရံကပ်ဓာတ်ပုံပြပွဲကျင်းပ




MNP  -   ဇန်နဝါရီ ၃

 ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရ တုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ယနေ့ နေ့လယ်ကခင်းကျင်း ပြသခဲ့သည်။


 အဆိုပါ စာအုပ်စာ စောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲတွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိ ဦးစန်းဝင်းက ပြပွဲပြခန်းများပြသခြင်းနှင့်ပတ် သက်၍ ဆွေးနွေးပြောကြားခဲ့သည်။


 ဆက်လက်၍ အသစ်ရောက်ရှိလာသည့် သုတ/ရသစာအုပ်များ၊ မဂ္ဂဇင်း၊ ဂျာနယ် ကလေးစာပေ စသည့်စာအုပ်စာများနှင့် နံရံ ကပ်စာစောင်ဓာတ်ပုံပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ် လပ်ရေးကြိုးပမ်းမှုကာလ သမိုင်းစဥ်မှတ်တမ်းများ၊ လူထုဟောပြောပွဲမှတ်တမ်းများ၊ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှုများ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာများနှင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်များကို ဝေဝေဆာဆာဖြင့် ဆောင်ရွက်ပြသခဲ့ရာကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)