မြောက်ဦးခရိုင်လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စစ်တုရင်ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင်လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စစ်တုရင်ပြိုင်ပွဲ ကျင်းပ




MNP  -   ဇန်နဝါရီ  ၁၃

   ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Center ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကို ယနေ့ နေ့လယ်(၁၂) နာရီအချိန်က ကျင်းပ ပြု လုပ်ခဲ့ကြောင်း သိရသည်။ 


ရှေးဦးစွာ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်စန္ဒာထွန်း က စစ်တုရင်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ စစ်တုရင်ပြိုင်ပွဲကို မူလ တန်း အ ဆင့် နှင့် အလယ်တန်းအဆင့် ကျောင်းသား ၁၀ဦးမှ ဝင်ရောက်ယှဉ်ပြိုင်သွားပြီး စစ်တု ရင် ကစား နည်းသည် လူငယ်များ၏ စဉ်းစားတွေးခေါ်နိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကို တိုးတက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင် ခြင်းကို အထောက်အကူပြုစေသည့် အားကစားနည်း တစ်မျိုးဖြစ်ပြီး  စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်ရန် ၊ စာအုပ်စာပေနှင့်လည်း ရင်းနှီးမှုရှိစေရန် ကျင်း ပပြု လုပ် ပေး ခြင်းဖြစ်၍  ဆုရရှိ သူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)