ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် တစ်ကိုယ်ရေ ကျန်းမာသန့်ရှင်းရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် တစ်ကိုယ်ရေ ကျန်းမာသန့်ရှင်းရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ


MNP  -   ဇန်နဝါရီ ၂၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် တစ်ကိုယ်ရေ ကျန်းမာသန့်ရှင်းရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဉီးစွာ(YouthClub)အဖွဲ့ဝင် ဉီးမြင့်ဇော်က ပတ်ဝန်းကျင်သန့်ရှင်းခြင်း ဆိုတာ ဘယ်လိုအရာကိုခေါ်ပါသလဲ၊ တစ်ကိုယ်ရေသန့်ရှင်းခြင်းကို ဘယ်လိုဆောင်ရွက်သင့်ပါသလဲ၊ အညစ်အကြေးတွေက ဘယ်လိုဆိုးကျိုးပေးပါသလဲ၊ စိတ်ရောကိုယ်ပါ သန့်ရှင်းအောင် ဘယ်လိုပြုလုပ်ရမလဲစသည့် တစ်ကိုယ်ရေသန့်ရှင်းခြင်းနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ရာ(Women Club)အဖွဲ့ဝင် ဒေါ်ချိုချိုက တစ်ကိုယ်ရေကျန်းမာသန့်ရှင်းရေးကို အကျယ်တဝင့် ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဒလမြို့နယ်ရုံးအနေဖြင့် အသိပညာပေး (Talk Show)များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်ပုံပြင်၊ ကဗျာရွတ်ဆိုခြင်း၊ အရုပ်ခေါက်ခြင်း၊ အားကစားလှုပ်ရှားမှုများစသည့် အကြောင်းအရာများကို ပြည်သူများ အသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု (Talk Show)အပြည့်အစုံကိုလည်း We Love Dalla Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြင့်ဇော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)