သံတွဲခရိုင်၊လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ Youth Club နှင့်စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်၊လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ Youth Club နှင့်စာဖတ်ဝိုင်းကျင်းပ




MNP  -  ဇန်နဝါရီ   ၁၇

 ရခိုင်ပြည်နယ်၊သံတွဲခရိုင် ၊ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌  Youth Club နှင့် စာရေးဆရာကောင်းမြတ် ဘာသာပြန်သည့် “ပွင့်သောပန်းတိုင်းမွှေးစေလို” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


            အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည် က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  မလင်းရွှေရည်က စာရေးဆရာကောင်းမြတ် ဘာသာပြန်သည့် “ပွင့်သောပန်းတိုင်းမွှေးစေလို”  စာအုပ်မှ “ရန်လိုတတ်သည့်ကလေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မချိုချိုပြုံး က “အများအာရုံစိုက်မှု ခံလိုတဲ့ကလေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မယွန်းစန္ဒီ က “အိပ်ယာဝင်ခိုင်းခက်သည့်ကလေး” ၊ ခေါင်းစဉ်များဖြင့် အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည် က ခေါင်းစဉ်တစ်ခုချင်းအလိုက် အသေးစိတ်ပြန်လည်ဆွေးနွေးခဲ့သည်။


            ယခုလိုစာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းမှာ ပြည်သူများနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး စာဖတ်ခြင်းကြောင့်ရှိလာသည့်အသိပညာဗဟုသုတများဖြင့် လူမှုစီးပွါးဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ဆောင်ရွက်ပေးခြင်းဖြစ်သည်။ထို့အပြင်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊သံတွဲခရိုင်ရုံးအနေဖြင့်ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Talk Show များ၊ဟောပြောပွဲများကို လစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)