အမ်းမြို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ် စာစောင်နှင့် နံရံကပ် ဓာတ်ပုံပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ် စာစောင်နှင့် နံရံကပ် ဓာတ်ပုံပြပွဲကျင်းပ




MNP  -  ဇန်နဝါရီ ၁၃

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ စာဖတ်ရှိန်​မြှင့်တင်​ေရးစာအုပ်စာစောင်​ပြပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ယနေ့ နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေမြတ်နိုးသူများလေ့လာနိုင်ရန်ခင်းကျင်းပြသဆောင်၌ ရွက်ခဲ့သည်။


    အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်​ပြပွဲနှင့်နံရံစာစောင်ဓာတ်ပုံပြပွဲဆောင် ရွက်ရာတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ နယ် ဦးစီးအရာရှိ ဦးစန်းဝင်းက ပြပွဲ​ ​​ြပခန်းများ ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များနှင့်ပတ်သက် ၍ရှင်းလင်းပြောကြားကာ အသစ်ရောက်ရှိ လာသော သုတ/ရသ စာအုပ်စာစောင်များအား နေ့စဥ် ငှားရမ်းဖတ်ရှုနေကြသည့် စာပေမြတ်နိုသူ များအားလည်းကောင်း နံရံကပ်စာစောင်ဓာတ်ပုံပြပွဲတွင်ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပန်းမှု ကာလ လူထုဟောပြောပွဲစ​ေသာ  သမိုင်းဝင်မှတ် တမ်းဓာတ်ပုံများနှင့်အတ္ထုပ္ပ တ္တိများ၊ မူးယစ်ဆေး ဝါးတားဆီးကာကွယ်ရေးနံရံကပ်စာစောင် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များအားဝေဝေဆာဆာဖြင့် ပြသဆောင်ရွက်ထားရှိရာစာပေမြတ်နိုးသူကျောင်းသား/ ကျောင်းသူများ နှင့်ပြည်သူများက စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။


စိုးမင်းထွန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)