MNP - ဇန်နဝါရီ ၁၅
ကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည် ပြည့်ဝစေရန်ရည်ရွယ်၍ ကဗျာရွတ်၊ ပုံပြင်ပြောနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို မိုးကောင်းမြို့ Community Centre ခန်းမ၌ ယနေ့ နံနက်(၁၀) နာရီတွင် ကျင်းပခဲ့သည်။
ကဗျာရွတ်နှင့်ပုံပြင်ပြောပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က ကဗျာနှင့် ပုံပြင်ပြောရာမှ အသိပညာကြွယ်ဝစေရန် အမှာစကား ပြောကြားသည်။
ဖတ်မှတ်စွမ်းရည်မြှင့်မားစေရန်၊ တွေးခေါ်မှုလျှင်မြန်စွာချတတ်စေရန်နှင့် လူအများရှေ့ ရဲဝင့်စွာပြောဆိုတတ်စေရန်ရည်ရွယ်၍ အရှေ့ရပ်-မူလွန်ကျောင်းမှ Grade 2၊ Grade 3 ကျောင်းသား၊ ကျောင်းသူများက တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် “တိရိစ္ဆာရုံသို့ အလည်ခရီး” ကဗျာခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဆန်(ခေါင်စို)စာပေကော်မတီမှ ရေးသားပြုစုသည့် “သစ်တောက်ငှက် (ငှက်မင်း) ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြသည်။
ကာယ၊ ဉာဏစွမ်းရည်မြှင့်မားစေရန်အတွက် ဆေးရောင်ခြယ်ပြိုင်ပွဲကိုလည်း ကလေးစာဖတ်ခန်း၌ ဆက်လက်ကျင်းပကြောင်း သိရသည်။
သန်းလွင်ဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment