MNP - ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေမြတ်နိုးသူကျောင်းသား ကျောင်းသူ လူငယ်လေး များ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ယနေ့ညနေအချိန် Grade -9အဆင့်ရှိ လူ ငယ်များဖြင့် စကားပုံဆက်ပြိုင်ပွဲအားကျင်းပပြုလုပ်ခဲ့သည်။
ဉာဏစွမ်းရည်စကားပုံဆက်ပြိုင်ပွဲတွင် အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိဦးစန်းဝင်းက စာဖတ်ချိန်မြှင့်တင်ရေးအ တွက် စာဖတ်ဝိုင်းများ၊ ပုံပြင်ပြောပြိုင်ပွဲများ၊ စကားပုံဆက်ပြိုင်ပွဲများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ ၊ပြပွဲများကျင်းပပေး
ခြင်းရည်ရွယ်ချက်နှင့်စကားပုံဆက်ပြိုင်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင် ကြစေလိုကြောင်း စာပေ
မြတ်နိုးသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးနိုင်ရန် သိမှတ်စရာအဖြာဖြာ စာကြည့်တိုက်မှာတွေ့အောင်ရှာ၊ စာပေဖတ်ရှု လေ့လာမှု လူသားတိုင်းကိုကောင်း ကျိုးပြုအဆိုအတိုင်းသုတ ရသစာအုပ်စာပေများစုဆောင်းထားတဲ့စာကြည့်တိုက်သို့လာရောက်ကြဖို့ဆွေးနွေး
ပြောကြားခဲ့သည်။
ဆက်လက်၍ စကား ပုံဆက်ပြိုင်ပွဲအားကျင်းပခဲ့ရာ စာပေမြတ်နိုးသူလူငယ်များကောင်းစွာဖြေဆိုနိုင်ကြသူများအား မြို့နယ်ဦးစီးအရာရှိ က လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment