MNP - ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အထက်တန်းကျောင်းသူများဖြင့် လူကုန်ကူးမှုဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ဆောင်ရွက် ခဲ့သည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က လူကုန်ကူးမှုဆိုင်ရာဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မာဘောက်က “မည်သူတွေက လူကုန်ကူးခံရတတ်သလဲ”၊ “မည်သူတွေက လူကုန်ကူးသူဖြစ်နိုင်သလဲ” အစရှိသည့် ခေါင်းစဉ် (၂) ခုဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသော အထက်တန်းကျောင်းသူ(၁၄)ဦးအား အဖွဲ့(၂)ဖွဲ့ခွဲ၍ မေးခွန်းများမေးမြန်းခြင်း၊ လူကုန်ကူးရာတွင် လုပ်ဆောင်ချက်၊ နည်းလမ်း၊ ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နိုင်ကြောင်းနှင့် မေးခွန်းမှ အဖြေများအား ရှင်းလင်းဆွေးနွေးပေးပြီး တက်ရောက်လာသူများမှ မေးခွန်းများ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment