ပုဏ္ဏားကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ



MNP  -  ဇန်နဝါရီ ၂၆

   ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် ကျောင်းသားလူငယ်များဘက်စုံထူးချွန်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အားက စားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့၊ ညနေ(၃)နာရီက ပုဏ္ဏားကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။


  ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဆွေက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်း ပြောကြားပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေးက ကျောင်းသားလူငယ်များ ကျန်းမာသန်စွမ်းပြီး ထူးချွန်ထက်မြက် သော အားကစားလူငယ်များ ပေါ်ထွန်းလာစေရန်လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် ဆွေးနွေးကြရန် ပြောကြားသည်။


  ထိုနောက် “ပညာတံခွန်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-11 ကျောင်းသား မောင်နေမင်းဦးနှင့်မောင်အေးသာထွန်းတို့က လူငယ်နှင့်အားကစား ၊ Grade-11 ကျောင်းသူ မမေမိုးလွင်နှင့်မခင်ဝင်းရွှေတို့က လူငယ်နှင့်စာရိတ္တခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား/သူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးကြသူတို့က ပြန်လည်ရှင်းလင်း ဖြေကြား ပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)