ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် သိုးမွှေးသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် သိုးမွှေးသင်တန်း ဖွင့်လှစ်


MNP   -   ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသူ၊ ကျောင်းသားလေးများ လက်မှု့ပညာတက်မြှောက်စေရေးအတွက် ရည်ရွယ်ပြီး သိုးမွှေးထိုးသင်တန်းဖွင့်ပွဲကို ၂၁-၁-၂၀၂၃ ရက်နေ့ နေ့မွန်းလွဲ၃နာရီက Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။ 


သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်ဆုမြတ်မွန်က ကျောင်းသား၊ ကျောင်းသူများအား သိုးမွှေးထိုးလုပ်ငန်း၏ အခြေခံပညာရပ်များ သင်ကြားပြသပေးခဲ့သည်။


အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၁၅)ဦးတို့က စိတ်ပါဝင်စားစွာ လေ့ကျင့်သင်ယူလျက်ရှိကြောင်း သိရသည်။ 


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)