လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်


MNP  -   ဇန်နဝါရီ ၁၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန် မြင့်မားလာစေရန် ရည်ရွယ်၍  ယနေ့ နံနက် ၁၀ နာရီ အချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာပေဖတ်ရှုခြင်းဖြင့် အသိပညာ တိုးတက်စေသည့်အတွက် ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အထရှိစေရန်နှင့် စာကြည့်တိုက်သို့ လာရောက်၍ စာပေများလေ့လာစေရန်၊ စာဖတ်ခြင်းဖြင့် ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မားလာပြီး အတွေးအခေါ် အယူအဆများ တိုးတက်စေရန်နှင့် ဖြတ်ထိုးဉာဏ်ထက်မြက်သည့်အတွက် စာဖတ်ခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများစွာကို ရရှိစေရန် စသည့်အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။


လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ကျောင်းသား/ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို လက်ဝယ်အရောက် ငှားရမ်းပေးခြင်း လုပ်ငန်းတို့အပြင် ပြပွဲ/ပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဒေသနေပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက်  Online  မှတစ်ဆင့်  Talk Show အစီအစဉ်များ ရိုက်ကူး ထုတ်လွှင့် တင်ဆက်ပေးခြင်းတို့ကိုလည်း ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။


ခင်လေးနွယ် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)