ရမ်းဗြဲမြို့လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ



MNP  -  ဇန်နဝါရီ    ၂၃

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ

၌ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက််ဆံရေးဦးစီးဌာနမှကြီးမှူး၍ အားကစားနှင့်ကာယာပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ မွန်းလွဲ ၁ နာရီက လူငယ်များအသိပညာဗဟုသုတနှင့် ကာယ ဉာဏ စာရိတ္တ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်လျက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကိုကျင်းပကြသည်။


ရှေ့ဦး စွာရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည် ကလူငယ်ရေးရာအသိပညာပေဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး လူငယ်များအသိပညာဗဟုသုတများဖွံ့ဖြိုးတိုးတက်စေရန်အတွက်ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာပေများလေ့လာဖတ်ရှုကြစေလိုကြောင်းနှင့်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်လည်း လူငယ်များနှင့် စာဖတ်ဝိုင်းများ ဆွေးနွေးပွဲများတွင်ပါဆွေးနွေးပေးကြစေလိုကြောင်းတို့ကိုရှင်းလင်းပြောကြားသည်။


 ဆက်လက်ပြီး မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန်းမှ လူငယ်များ ကာယ ဉာဏ စာရိတ္တနှင့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပြိုင်ပွဲများကိုကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း အားကစားကို ကျန်းမာရေးအတွက်လေ့လာလိုက်စားသည်ထက် ဝါသနာရှင်လူငယ်များအတွက် ယခုအခါနိုင်ငံတော်မှ အားကစားသိပ္ပံကျောင်းများဖွင့်လှစ်ပြီးပြုစုပျိုးထောင်ပေးလျက်ရှိကြောင်းတို့ကိုရှင်းလင်းပြောကြားသည်။


အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ(၅၅) ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။


အောင်နိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)