MNP - ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များ ပညာသင်ကြားနေချိန်တွင် မူးယစ်ဆေးသုံးစွဲမှုကြောင့် လမ်းမှားမရောက်ရှိစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ပိုမိုသိရှိနားလည်စေရန်၊ မူးယစ်ဆေးသုံးစွဲသူများ ဖြစ်ပေါ်နိုင်သော ဆိုးကျိုးလက္ခဏာများ၊ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်နိုင်သော အမှုအခင်းများစသည် အကြောင်းအရာများကို ဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ် စာစောင်ကို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment