MNP - ဇန်နဝါရီ ၂၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများသည် ရုံးလုပ်ငန်းလက်စွဲစာအုပ် အခန်း(၁၃)ပါ လုပ်ငန်းမှတ်တမ်းရေးသားခြင်း ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းမှတ်တမ်းများကို လုပ်ငန်းဆောင်ရွက်နေစဉ်ဖြစ်စေ လုပ်ငန်း ပြီးဆုံးသွားသည့်အခါတွင်ဖြစ်စေ မလွဲမသွေထားရှိရမည့် မှတ်တမ်းတစ်ခုဖြစ်ကြောင်း၊ လုပ်ငန်း မှတ်တမ်းများ စနစ်တကျမရှိမှုကြောင့် ဝန်ထမ်းများ၏ ရသင့်ရထိုက်သော အကျိုးခံစားခွင့်များ ဆုံးရှုံးရသည်များဖြတ်တတ်ကြောင်း ထပ်မံပြောကြားခဲ့သည်။ ဆက်လက်၍ ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ)ဒေါ်ဖြိုးဝေသူက လုပ်ငန်းမှတ်တမ်း ရေးသွင်းရာတွင် ပါဝင်ရမည် အချက်(၆)ချက်အား လည်းကောင်း၊ အငယ်တန်းစာရေး(အင်အားပြ) ဦးဇော်လင်းက လုပ်ငန်းမှတ်တမ်းနှင့် ပတ်သက်၍ သတိပြုရန်လိုအပ်သည့် အချက်(၄)ချက်အားလည်းကောင်း ဖတ်ကြားခဲ့ပြီး ဝန်ထမ်းများအချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment