MNP - ဇန်နဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ (အ.ထ.က) သရက်ချောင်းကျောင်းတို့ ပူးပေါင်း၍ ကျောင်းသား/သူများ အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပ စာပေ ဗဟုသုတများ ကြွယ်ဝလာစေရန် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန( Community Center)ခန်းမတွင် ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအနေဖြင့် ပညာရေးကို ပြီးမြောက်အောင် သင်ကြားစေလိုကြောင်း၊ ပညာသင်ကြားရာတွင် ထူးချွန်ထက်မြက်သော ကျောင်းသား/သူများ ဖြစ်လာစေရန် သင်ကြားစေလိုကြောင်း ပြောကြားခဲ့ပြီး အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို ကျောင်းသား/သူများ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သားကြီး
https://t.me/MyanmarNationalPost
No comments:
Post a Comment