ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန community centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန community centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ




MNP  -   ဇန်နဝါရီ ၁၃

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများသည် ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲစာအုပ် အခန်း(၁)ပါ ဘဏ္ဍာရေးစည်းမျဉ်းခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။


    ရှေးဦးစွာကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ရငွေများ ကောက်ခံခြင်း၊ လက်ခံခြင်း၊ ပေးသွင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့်စာရင်းရေးသွင်းခြင်းဆိုင်ရာ စည်းကမ်းများကို ပြောကြားခဲ့သည်။ ဆက်လက်၍ ရုပ်သံကျွမ်းကျင်-၃(အင်အားပြ)ဒေါ်ဖြိုးဝေသူက ရငွေအမျိုးအစားမှ အခွန်ကောက်ရငွေနှင့်ဌာနဆိုင်ရာအခြားရငွေကိုလည်းကောင်း၊ အငယ်တန်းစာရေး(အင်အားပြ) ဦးဇော်လင်းက ရငွေများဘဏ်သို့ပေးသွင်းခြင်းကိုလည်းကောင်း ဖတ်ကြားခဲ့ပြီး ဝန်ထမ်းများအချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)