တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပုံပြောပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပုံပြောပြိုင်ပွဲကျင်းပ



MNP  -   ဇန်နဝါရီ        ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Center)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ယနေ့နံနက်ပိုင်းအချိန်က ကျောင်းသား/ကျောင်းသူများအား ပုံပြောပြိုင်ပွဲ ပြုလုပ်ခဲ့‌သည်။


အဆိုပါ ပြိုင်ပွဲပြုလုပ်ရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြင်ပစာပေများဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များ ပိုမိုရရှိစေရေး၊  ကြောင်းကျိုးချမ်းသာကို ကောင်းစွာခွဲခြားနိုင်ခြင်းသည် ပညာဖြစ်သည့်အတွက် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ပညာတတ်များဖြစ်ရန် ကျောင်းစာအပြင် ဗဟုသုတများရရှိမည့် စာအုပ်စာပေများကို အားလပ်သည့် အချိန်များတွင် ရှာဖွေဖတ်မှတ်သွားကြစေရေးနှင့် စာပေဖတ်ရှုခြင်းဖြင့် စာပေချစ်မြတ်နိုးသည့် စိတ်များဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေးအတွက်ရည်ရွယ်၍ ပုံပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးတို့မှ နှစ်သက်ရာကဏ္ဍအလိုက် ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


ထက်ထက်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)