ဇမ္ဗူသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်း ကျင်းပ



MNP   -  ဇန်နဝါရီ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ စာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ စာရေးဆရာမဇင် (ရန်ကုန်တက္ကသိုလ်)က ၎င်းကိုယ်တိုင်ရေးသားထားသော “အိမ်မက်ကောင်းကင် လူငယ်ဝတ္ထုတိုများ” စာအုပ်အား ဦးဆောင်ဆွေးနွေးခဲ့သည်။ ထို့နောက် ဦးစောမျိုးအောင် (အိုင်ပီမျိုးအောင်)၊ ဦးအောင်ဝေ (အောင်ဝေ-ညောင်ခြေထောက်)၊ ဦးမောင်မောင်တာ(သဘာဝ)၊ ဒေါ်ခင်ငြိမ်းအေး(မေချို-ပျဉ်းမနား)၊ ဦးရဲလင်းအောင် (မောင်လေပြေ-တောင်တွင်း)၊ ဦးကျော်လွင် (မှော်ဝန်း)နှင့် စာပေဝါသနာရှင်တို့က “အိမ်မက်ကောင်းကင် လူငယ်ဝတ္ထုတိုများ” စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာ အချက်အလက် များကို မိမိတို့၏ ဘဝအတွေ့အကြုံများနှင့် ယှဉ်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ဟိန်းသူအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)