ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုပြိုင်ပွဲများကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုပြိုင်ပွဲများကျင်းပပြုလုပ်



MNP  -   ဇန်နဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းအတွင်ယနေ့နံနက် (၁၀)နာရီက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုပုံပြင်ပြောပြိုင်ပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဉီးစွာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ယမင်းလှိုင်က ကျောင်းသား၊ကျောင်းသူများအနေဖြင့် စာဖတ်စွမ်းရည်တိုးတက်စေရန်၊ အသိအမြင်ဗဟုသုတများတိုးပွားစေရန် ၊ ကာယနှင့်ဉာဏဆိုင်ရာပြိုင်ပွဲများတွင် အများနှင့်ပါဝင်ယှဉ်ပြိုင်တတ်သည့်အလေအကျင့်များရရှိစေရန်၊ နှုတ်မှုစွမ်းရည်မြှင့်မားလာစေရန်နှင့် စာကြည့်တိုက်နှင့်ပိုမိုရင်းနှီးမှုရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကျင်းပပြုလုပ်ပေးရ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများကျင်းပပြုလုပ်ရာ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းမှ ပြိုင်ပွဲအသီးသီးတွင်ဆုရရှိခဲ့သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး အာဟာရအဖြစ်မုန့်များကျွေးမွေးခဲ့ကြကြောင်းသိရသည်။


ဖြူလူသစ်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)