MNP - ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ယနေ့ နံနက်အချိန် တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူ လူငယ်များလေ့လာနိုင်ရန်ခင်းကျင်းပြသဆောင် ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး နံရံစာစောင်ဓာတ်ပုံပြပွဲဆောင် ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိ ဦးစန်းဝင်းက ပြပွဲပြခန်းများ ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များနှင့်ပတ်သက် ၍ရှင်းလင်းပြောကြားကာ လာမည့်ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်မည့်( ၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဓာတ်ပုံပြပွဲတွင်လွတ် လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏လွတ် လပ်ရေးကြိုးပန်းမှု ကာလ၌ လူထုစည်းရုံးရေးလှုပ် ရှားမှုများ ဟောပြောပွဲများနှင့် သမိုင်းဝင်မှတ် တမ်းဓာတ်ပုံများနှင့်အတ္ထုပ္ပ တ္တိများပြည်တောင်စုနေ့့ဖြစ် ပေါ်လာပုံ အမိုင်းအကျဥ်းများ၊ နံရံကပ်စာစောင်ပြ
ပွဲတွင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲတတ်စေ တတ်သောဆေးဝါးများအန္တရာယ်အကြောင်းအရာများနှင့်၏ ကလေးအလုပ်သမားပပျောက်ရေးအတွက် ဥပဒေအကြောင်းအရာများအားဝေဝေဆာ ဆာဖြင့် ပြသဆောင်ရွက်ထားရှိရာစာပေမြတ်နိုးသူကျောင်းသား/ ကျောင်းသူများ နှင့်စာငှား စာဖတ်ပရိတ်သတ်များက စိတ်ပါဝင်စားစွာလေ့လာကြည့် ရှုခဲ့ကြ မြို့နယ် ဦးစီးအရာရှိ ကလိုက်လံရှင်လင်းပြသခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment