MNP - ဇန်နဝါရီ ၁၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက် လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲတို့ကို ယနေ့ ၉ နာရီအချိန်က ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉)ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ပြည်ထောင်စုနေ့ အကြောင်းသိကောင်းစရာများ၊ ကလေးသူငယ်အလုပ် သမားပပျောက်ရေး အားလုံးဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေး၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၂ခုနှစ်အတွင်း ငြိမ်းချမ်းရေးဆိုင်ရာဆောင်ရွက်မှုမှတ်တမ်းနှင့်မြို့နယ်အတွင်း လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းနှင့် သုတ/ရသစာအုပ်များ၊ အပျော်ဖတ်ရုပ်ပြများ၊ ကလေးစာပေများနှင့် ကာတွန်းစာအုပ်များကို စုံလင်စွာခင်ကျင်းပြသထားရာပြပွဲသို့ ဒေါ့ဖုန်းယန်မြို့ အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက စိတ်ဝင်စားစွာလာရောက် လေ့လာခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment