MNP - ဇန်နဝါရီ ၁၈
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ငါးသယံဇာတ မပြုန်းတီးစေရေးအသိပညာပေး (Talk Show) ကို ယနေ့နေ့လည် ၂ နာရီအချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကျောက်တော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်အေးမြသန်းက ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉) အမှတ်(၂၄)မှာပါရှိတဲ့ဆောင်းပါးရှင် ပေါက်ပေါက်ရေးသားတဲ့ "ငါးသယံဇာတ မပြုန်းတီးစေရေး" ဆောင်းပါးမှ ငါး၊ ပုဇွန်၊ ငါးရစ်၊ ငါးသန်း တက်ချိန်ဖြစ်သော မေလမှ ဇူလိုင်လအထိ ပင်လယ်ပြင်တွင် ဇွန်လမှ သြဂုတ်လ အထိ ငါးဖမ်းဆီးခြင်းနှင့်ပတ်သက်၍ဆောင်ရန်/ရှောင်ရန်နည်းလမ်းကောင်းများအား လည်း ကောင်း၊ စာထောက်- ၃ ဒေါ်အေးကျော့လှိုင်က မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာန ခေတ်အ ဆက်ဆက်စီမံချက်ဖြင့် နှစ်စဉ်နှစ်တိုင်း ငါးရစ်တက်ချိန် ၊ ငါးဥ ချချိန်များတွင်သတင်းစာ၊ ရေဒီယို ၊ ရုပ်မြင်သံကြား၊ ပိုစတာများ၊ လက်ကမ်းကြော်ငြာများမှတဆင့် ပြည်သူ့များသိရှိ လိုက်နာနိုင်ရန်အတွက် "ဥနှင့်ငါးကိုပွားစေလို ၊ ငါးရစ်ဆိုမဖမ်းနှင့်၊ ငါးရစ်ငါးသန်း ဘေးမဲ့ချန် ၊ ပုံမှန်စားသုံး မျိုးမသုဉ်း ၊ ငါးရစ်တစ်ကောင် သုံးလရှောင် ၊ ထောင်သောင်းတိုးပွားရေရှည်စား "ဆောင်ပုဒ်ပါ အကြောင်းအရာများအားဆွေးနွေးခဲ့ကြသည်။ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်တော်မြို့နယ်ရုံးအနေဖြင့်ပြည်သူများ အသိ ပညာ ဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့်အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာအဆိုပါ Talk Show အပြည့်အစုံကို We love kyauktaw Facebook Page တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ခင်မောင်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment