ရမ်းဗြဲမြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ စာဖတ်ခြင်းအကျိုးအသိပညာပေးခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ စာဖတ်ခြင်းအကျိုးအသိပညာပေးခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ




MNP  -  ဇန်နဝါရီ     ၁၃

  ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြန်ကြားရေး

နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ပညာရေးဌာနနှင့်ပူးပေါင်းပြီး လူငယ်များအသိပညာဗဟုသုတများတိုးတက်လာစေရန်ရည်ရွယ်လျက် ယနေ့ မွန်းလွဲ ၁ နာရီက စာဖတ်ခြင်းအကျိုးအသိပညာပေးဟောပြောပွဲကိုပြုလုပ်ကျင်းပကြသည်။


      ထိုသို့ကျင်းပရာတွင် ရှေ့ဦးစွာ ရမ်းဗြဲမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်ကအသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပေးရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ပညာရေးဌာန၊ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်ထွန်းမှ  လူငယ်များအနေဖြင့် ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်မှုများရှိလာစေရန်အတွက်စာအုပ်စာပေများကို လေ့လာဖတ်ရှုနေကြရန်လိုအပ်ကြောင်း စာ‌အုပ်စာပေများကိုလေ့လာဖတ်ရှုကြရာတွင် မိမိတို့၏ဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် သုတ/ရသ စာပေများကိုလေ့လာကြမှာဖြစ်ပြီးစာပေများဖတ်ရှုရာတွင် ပြု တု စုဆိုသည့်အတိုင်းလေ့လာကြရန်လိုအပ်ကြောင်းတို့ကိုရှင်းလင်းပြောကြားသည်။


    အဆိုပါ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူ (၅၅) ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)