ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် Digital Library Management System(DLMS) အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် Digital Library Management System(DLMS) အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်


MNP  -   ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီ ကျောက်ဆည်ခရိုင်     ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက Digital Library Management System (DLMS) အသုံးပြုနည်းဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရှိရသည်။


သင်တန်းတွင်  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ခရိုင်/မြို့ရုံးများရှိ ပြည်သူ့စာကြည့်တိုက်များအားပြောင်းလဲလာသော‌ခေတ်စနစ်နှင့်အညီ Digital Library Management System (DLMS) အသုံးပြု၍ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်းနှင့်  ဦးစီးဌာန၏ ပင်မလုပ်ငန်းဖြစ်သည့် ပြည်သူ့စာကြည့်တိုက်တွင်  Digital Library Management System (DLMS) ကိုကျွမ်းကျင်စွာအသုံးပြုနိုင်ပြီး စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို စာကြည့်တိုက်တာဝန်ခံများသာမက ဝန်ထမ်းတိုင်းသိရှိနားလည်ပြီး စွမ်းဆောင်ရည်မြင့်မားကြစေရန်နှင့် သင်တန်းတက်ရောက်ပြီးပါက ပြန်လည်လေ့လာသွားစေလို‌ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။


ဆက်လက်ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးနှင့် စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူးဒေါ်မြမြမွန်က စာအုပ်စာစောင်များ အချက်အလက်များရေးသွင်းခြင်း၊ စာအုပ်ငှားရမ်းခြင်းများကို Digital Library Management System (DLMS) အသုံးပြု၍ စာတွေ့ လက်တွေ့သင်ကြားခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ ကျောက်ဆည်ခရိုင်နှင့် ခရိုင်ကြီးကြပ်မှုအောက်ရှိ စဉ့်ကိုင်၊ တံတားဦး ၊ မြစ်သားမြို့နယ်များမှ  ဒုတိယဦးစီးမှုး၊ စာကြည်တိုက်လက်ထောက်(၃)၊ အကြီးတန်းစာရေး၊ ရုက်သံကျွမ်း ကျင်(၃)၊ အငယ်တန်းစာရေး စုစုပေါင်း သင်တန်းသား/သင်တန်းသူ (၁၀)ဦးတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ ဇန်နဝါရီ(၁၇)ရက်မှ (၁၈)ရက်နေ့အထိ သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)