ပျဉ်းမနားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Digital စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျဉ်းမနားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Digital စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး



MNP  -   ဇန်နဝါရီ ၁၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ သုတ/ရသ စာအုပ်မျိုးစုံကို အခမဲ့ငှားရမ်းဖတ်ရှု နိုင်ကြောင်း သိရသည်။


ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တွင် Digital Library Management System စနစ်ဖြင့် စာအုပ်စာစောင်များကို ငှားရမ်းပေးလျက်ရှိပြီး ပြည်သူ့စာကြည့်တိုက်အတွင်း၌ Mini-Museum ဆောင်ရွက်၍ ပျဉ်းမနားဒေသမှထွက်ရှိသည့် စဉ့်ထည်ပစ္စည်းများ၊ မြေထည်ပစ္စည်းများ၊ ဝါးလက်မှုဆိုင်ရာပစ္စည်းများနှင့် ပန်းပုလက်ရာပစ္စည်းများကိုလည်း ခင်းကျင်းပြသထား ရှိကြောင်း သိရသည်။


ပြည်သူ့စာကြည့်တွင် စာအုပ်/စာစောင်များငှားရမ်းမှုနှင့်ပတ်သက်ပြီး စာအုပ်များငှားရမ်းဖတ်ရှုနေသူ ဦးအောင်ဇင်ဦးက “ကျွန်တော်အနေနဲ့ ပြည်သူ့စာကြည့်တိုက်မှာ စဉ်ဆက်မပြတ်စာအုပ်တွေ လာရောက် ငှားရမ်းဖြစ်ပါတယ်။ ပြည်သူ့စာကြည့်တိုက်ကို ယခင်ရုံးအောက်ထပ်မှာထဲက အမြဲမပြတ်ငှာရမ်းနေတာပါ။ ပြည်သူ့စာကြည့်တိုက်ကို လက်ရှိနေရာမှာ ပြောင်းရွေ့ဆောင်ရွက်ပေးတာကလည်း နေရာကျယ် ဝန်းပြီး ယခင်ကထက်ပိုပြီးအဆင်ပြေပါတယ်။ ဒီစာကြည့်တိုက်မှာ ရွေးချယ်စရာစာအုပ်တွေလည်း စုံလင်တဲ့အတွက် ကျွန်တော်တို့ စာဖတ်သူတွေအနေနဲ့က စိတ်ကြိုက်ရွေးချယ်ဖတ်ရှုလို့ရတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်” ဟုပြောကြားသည်။


ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအလွယ် တကူဖတ်ရှုနိုင်စေရေးအတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ဝန်ဆောင်မှုများပေးလျက်ရှိပြီး စာကြည့်တိုက်သို့လာရောက်ရန် အခက်အခဲရှိနိုင်သည့် ရပ်ကွက်/ကျေးရွာနှင့် စာသင်ကျောင်းများသို့လည်း ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် နယ်လှည့်စာငှားလုပ်ငန်းဖြင့် စာဖတ်သူများ လက်ဝယ်အရောက် ဝန်ဆောင်မှုပေးဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။ 


မျိုးသီဟ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)